MenToo (2023) ဒီတစ်ခေါက်တင်ဆက်ပေးမယ့်ကားလေးကတော့ “#MenToo ” ဆိုတဲ့အိန္ဒိယကားလေးဖြစ်ပါတယ် ပုံမှန်ဆိုရင်အမျိုးသမီးတွေရဲ့ တန်းတူညီမျှမှုအခွင့်အရေးအကြောင်းပဲ အခြေခံအားဖြင့်အများဆုံးပြောလေ့ရှိကြပေမယ့် ဒီကားလေးထဲမှာတော့ အမျိုးသားတွေဘက်ကနေပြီး သူတို့ဘဝမှာကြုံတွေ့ရတဲ့အခက်အခဲတွေ၊ ရင်ဆိုင်ရတဲ့ခွဲခြားမှုတွေနဲ့ မွန်းကြပ်မှုတွေကိုပေါ်လွင်အောင်ရိုက်ကူးပြထားတာကိုတွေ့ရမှာပါ အာဒိတရာ၊ မွန်နာနဲ့ ဆန်ဂျူးတို့သူငယ်ချင်းသုံးယောက်ဟာ အလုပ်ခွင်ကြောင့်ဖြစ်ဖြစ်၊ အချစ်ရေးကြောင့်ဖြစ်ဖြစ် မွန်းကြပ်တဲ့အချိန်တိုင်း ယောက်ျားလေးသီးသန့်ဘားဖြစ်တဲ့ “Stags Only” ဆိုတဲ့ဘားလေးကိုလာပြီး စိတ်ထွက်ပေါက်ရှာကြပါတယ် အဲဒီဘားလေးမှာဆိုရင်လည်း အများစုက Pseudo Feminist တွေကြောင့်ဒုက္ခရောက်ရတဲ့အမျိုးသားတွေကို အများဆုံးတွေ့ရတာဖြစ်ပါတယ် ဒီကားလေးထဲမှာ တန်းတူညီမျှအခွင့်အရေးဆိုတာ ယောက်ျားလေးအတွက်ရော၊ မိန်းကလေးအတွက်ရော အတူတူပဲဖြစ်သင့်ကြောင်း…ယောက်ျားလေးမို့ အားနည်းခွင့်မရှိဘူး မျက်ရည်ကျပိုင်ခွင့်မရှိဘူး ဒါမျိုးတွေကလည်း တန်းတူညီမျှအခွင့်အရေးမရတာပဲဖြစ်ကြောင်း အစရှိတဲ့အကြောင်းအရာလေးတွေကို ဆွေးနွေးပေးထားလို့ စိတ်ဝင်စားပြီးတော့ ကြည့်လို့ကောင်းတဲ့ ဇာတ်ကားကောင်းလေးတစ်ကားဖြစ်မှာပါ
Hide player controls
Hide resume playing