Myvideo

Guest

Login

International Space Station ()

Uploaded By: Myvideo
791 view
0
0 votes
0

The 7th Eastern Economic Forum-2022 သို့ တက်ရောက်လာကြသည့် နိုင်ငံ့ခေါင်းဆောင်များကို ဂုဏ်ပြုသောအားဖြင့် နိုင်ငံတော်အလံများကို International Space Station (အာကာသ)တွင် ချိတ်ဆွဲဂုဏ်ပြု နေပြည်တော် စက်တင်ဘာ - ၆ ရုရှားဖက်ဒရေးရှင်းနိုင်ငံတွင် ကျင်းပပြုလုပ်သည့် (၇)ကြိမ်မြောက်အရှေ့ဖျား စီးပွားရေးဖိုရမ်(The 7th Eastern Economic Forum-2022)ကို ပါဝင်တက်ရောက် သည့် နိုင်ငံ့ခေါင်းဆောင်များကို ဂုဏ်ပြုသောအားဖြင့် အဆိုပါနိုင်ငံအလံများကို International Space Station(အာကာသ)တွင် ရုရှားအာကာသယာဉ်မှူးများက ချိတ်ဆွဲ ဂုဏ်ပြုခဲ့ကြောင်းသိရှိရသည်။ စက်တင်ဘာ ၇ ရက်နေ့တွင်ပြုလုပ်မည့် (၇)ကြိမ်မြောက်အရှေ့ဖျား စီးပွားရေး ဖိုရမ် (The 7th Eastern Economic Forum-2022) ၏ မျက်နှာစုံညီ အစည်းအဝေး Plenary Session သို့ ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့်အတူ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ အာမေးနီးယားနိုင်ငံ ဝန်ကြီးချုပ် Mr. Nikol Pashinyan ၊ မွန်ဂိုလီးယားနိုင်ငံဝန်ကြီးချုပ် Mr. Luvsannamsrain Oyun-Erdene တို့ တက်ရောက်မည်ဖြစ်ပြီး တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ အမျိုးသားပြည်သူ့ကွန်ဂရက် ဥက္ကဋ္ဌ Mr. Li Zhanshu လည်း ပါဝင်တက်ရောက်မည်ဖြစ်ကြောင်း သိရှိရသည်။ အဆိုပါ (၇)ကြိမ်မြောက်အရှေ့ဖျားစီးပွားရေးဖိုရမ် (The 7th Eastern Economic Forum-2022) ၏ မျက်နှာစုံညီ အစည်းအဝေး Plenary Session သို့ တက်ရောက်ကြမည့် နိုင်ငံ့ခေါင်းဆောင်များကို ဂုဏ်ပြုသောအားဖြင့် ရုရှားဖက်ဒရေး ရှင်းနိုင်ငံ၊ မြန်မာနိုင်ငံ၊ အာမေးနီးယားနိုင်ငံ၊ မွန်ဂိုလီးယားနိုင်ငံ၊ တရုတ်နိုင်ငံ တို့၏ အလံများကို International Space Station တွင် ရုရှားအာကာသယာဉ်မှူးများက ချိတ်ဆွဲဂုဏ်ပြုခဲ့ခြင်းဖြစ်ကြောင်း သိရှိရƜ

Share with your friends

Link:

Embed:

Video Size:

Custom size:

x

Add to Playlist:

Favorites
My Playlist
Watch Later