Myvideo

Guest

Login

Best movies in good quality | Quick Video Search | New Movies Online

Uploaded By: Myvideo
1 view
0
0 votes
0

‘’တပြိုင်တည်းမဟုတ်တောင်မှ လုပ်နိုင်တဲ့ အပိုင်းကို ရွေးကောက်ပွဲ ပြန်လည်ကျင်းပမယ်’’ လို့ စစ်ကောင်စီ ဥက္ကဌ ပြောကြား မတ်လ ၂၄ - ၂၀၂၄ ‘’တပြိုင်တည်း မဟုတ်တောင်မှ လုပ်နိုင်တဲ့ အပိုင်းလောက်ကို ဥပဒေနဲ့ အညီ ရွေးကောက်ပွဲ ပြန်လည်ကျင်းပနိုင်ရေး အတွက် ဆောင်ရွက် သွားဖို့ ရှိပါတယ် ဆိုတာ ပြောလိုပါတယ်...’’ လို့ စစ်ကောင်စီ ဥက္ကဌ က ရုရှား သတင်းဌာန တခုနဲ့ အင်တာဗျူးမှာ ဖြေကြားသွား ခဲ့တာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ မတ်လ ၁၈ ရက်နေ့က ရုရှား ITAR – TASS သတင်းဌာန က စစ်ကောင်စီ ဥက္ကဌကို ရန်ကုန်မှာ တွေ့ဆုံမေးမြန်းခန်း ပြုလုပ်ရာမှာ အခုလို ပြောကြား သွားတာ ဖြစ်ပါတယ်။ ရွေးကောက်ပွဲဟာ စစ်ကောင်စီရဲ့ နောက်ဆုံးရည်မှန်းချက်ဖြစ်တဲ့ အတွက် ရွေးကောက်ပွဲ ပြန်လုပ်မှာ ဖြစ်ကြောင်းကို သူက အခိုင်အမာ ပြောကြား သွား ခဲ့တာ ဖြစ်ပါတယ်။ အရေးပေါ်ကာလ ပြီးတာနဲ့ ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ (ကာလုံ) ကို အာဏာပြန်လွှဲမှာ ဖြစ်ကြောင်း၊ ကာလုံ ကနေ ရွေးကောက်ပွဲကို ၆ လ အတွင်း ကျင်းပမှာ ဖြစ်ကြောင်း စစ်ကောင်စီ ဥက္ကဌက ပြောကြားသွား ပါတယ်။ ၂၀၂၀ ရွေးကောက်ပွဲမှာ မဲစာရင်းမှားခဲ့တာကြောင့် မဲစာရင်းကို အဓိက ထားလုပ်မှာ ဖြစ်ကြောင်း နဲ့ မဲစာရင်းကို အခုနှစ်ထဲမှာ အတတ်နိုင်ဆုံး လုပ်မှာ ဖြစ်ကြောင်း၊ ပြီးတာနဲ့ တိုင်းပြည်တည်ငြိမ်မှု ကောင်းပြီဆိုတာနဲ့ ရွေးကောက်ပွဲ လုပ်မှာလို့ ဖြေကြားသွားခဲ့ပါတယ်။ ---------------- THN freelance journalist - ဖေ့စ်ဘွတ် မှာလည်းကြည့်ပြီး ပံ့ပိုးနိုင်ပြီ ဖေ့စ်ဘွတ် မှာ Subscribe လုပ်ပြီး ပံ့ပိုးနိုင်ပြီ --------------------------- Twitter - တယ်လီဂရမ်လည်း ရှိပြီ တစ်တော့ လာပြီ @thnmedia?lang=en ----------------------

Share with your friends

Link:

Embed:

Video Size:

Custom size:

x

Add to Playlist:

Favorites
My Playlist
Watch Later